POB ဆိုတာ Products Of Burma ( မြန်မာပြည်ရဲ့ထုတ်ကုန်များ) ပါ။မြန်မာနိုင်ငံကထွက်တဲ့ ကုန်ပစ္စည်းတွေဟာ မြန်မာလူမျိုးများအတွက်သာမက နိုင်ငံခြားသားများအတွက်ပါ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကြောင့်ရော၊ ကူးသန်းရောင်းဝယ်ရေးအတွက်ပါ ချင့်ချိန်ခဲ့ရတာကြောင့် မြန်မာ့ထုတ်ကုန်တွေကို တွင်တွင်ကျယ်ကျယ် မရောင်းခဲ့နိုင်ပါဘူး။တကယ်အရည်အသွေးမီတဲ့ မြန်မာ့ထုတ်ကုန်တွေကို မြန်မာမှာသာမက ကမ္ဘာအထိပါ သိသွားစေချင်တာ POB ရဲ့ စေတနာပါ။
ဒါကြောင့် POB ဟာ အကောင်းဆုံးသော Suppliers တွေကို ရွေးချယ်ပြီး မိတ်ဆွေတို့လိုအပ်သမျှ မြန်မာ့ထုတ်ကုန်များကို POB ရဲ့ Website ကနေ တဆင့် ရောင်းချပေးခြင်းဖြင့် တစ်နေရာတည်းမှာတင် အလွယ်တကူ မှာယူဖို့ အဆင်ပြေအောင် ဖန်တီးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ၊ လက်မှုလုပ်ငန်းရှင်များ အနေနဲ့လည်း POB နဲ့ ပူးပေါင်းခြင်းဖြင့် ရောင်းအားတိုးမြှင့်လို့ရပါပြီ။
POB ရဲ့ ရည်မှန်းချက်ကတော့
မြန်မာထုတ်ကုန်များကို မြန်မာလူမျိုးများသာမက ကမ္ဘာကပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်
ပြည်တွင်း ပြည်ပမှ ၀င်ငွေစီးကြောင်းတစ်ခုရရှိလာနိုင်ရန်
ထုတ်လုပ်သူများအတွက်လည်း ပိုမိုတွင်ကျယ်စွာထုတ်လုပ်လာနိုင်စေရန်
မြန်မာထုတ်ကုန်ချစ်သူများအနေနဲ့လည်း တစ်နေရာတည်းကနေ အလွယ်တကူ ၀ယ်ယူနိုင်စေရန်
ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့လက်မှုလုပ်ငန်းများနှင့် အစားအသောက်များကို ပြန်လည်ဖော်ထုတ်ရန် တို့ပဲ ဖြစ်ပါတယ်။
ဒီလို ရည်ရွယ်ချက်တွေနဲ့ ရပ်တည်နေတဲ့ POB ကို အခုပဲ ဆက်သွယ်လိုက်ပါ။
သင်ဟာ…
Customer လား
Supplier လား